About Us

4TV ၏ သမိုင်းကြောင်း

4TV သည် Forever Group Co., Ltd ၏ ဌာနခွဲတစ်ခုဖြစ်ပြီး အရည်အသွေးကောင်းမွန်သော ပြည်တွင်း၊ ပြည်ပ ရုပ်သံလိုင်းပေါင်းများစွာကို ထုတ်လွှင့်ပြသနေသည့် အခပေးရုပ်သံလိုင်းထုတ်လွှင့် ဝန်ဆောင်မှု ဖြစ်ပါသည်။ 4TV သည် ဖျော်ဖြေရေး၊ ရုပ်ရှင်၊ ဂီတ၊ လူနေမှုပုံစံ၊ အားကစားကဏ္ဍများမှ အထွေထွေဗဟုသုတကဏ္ဍများ အထိ ပါဝင်သောရုပ်သံလိုင်းအမျိုးမျိုးအဖုံဖုံကို စဉ်ဆက်မပြတ်   တင်ဆက်ပေးနေပါသည်။ထို့ပြင်ပရိသတ်အနှစ်သက်ဆုံးရုပ်သံလိုင်းများကိုရုပ်သံအရည်အသွေးအထူးကောင်းမွန်သော HD(High Definition) နည်းစနစ်ဖြင့်အသုံးပြုထုတ်လွှင့်ပေးလျက်ရှိပါသည်။


  • ၂၀၀၅ ခုနှစ်တွင် Forever Group Co., Ltd နှင့် Family Entertainment Group Co., Ltd တို့ ပူးပေါင်းကာ “5 Network” ဟုအမည်ရသော မြန်မာပြည်၏ ပထမဦးဆုံး အခပေးရုပ်သံလိုင်း        ဝန်ဆောင်မှုလုပ်ငန်းကို မိသားစုများအတွက် ရည်ရွယ်ကာစတင်ခဲ့ပါသည်။

  • ၂၀၀၆ ခုနှစ်တွင် Forever Group Co., Ltd သည် နိုင်ငံတကာရုပ်သံလိုင်း ၁၄ လိုင်းအား ထပ်မံတိုးချဲ့၍ မြန်မာပြည်တွင်း စတင်မိတ်ဆက်ခဲ့ပါသည်။

  • ၂၀၁၀  ခုနှစ်တွင်  4TV သည် ကိုယ်ပိုင်ထုတ်လုပ်သော  အစီအစဉ်များပါဝင်သည့်  For Info , For Edu , For Tunes , For Sports , For Drama , For Cinema , For Comedy                  ဒစ်ဂျစ်တယ်ရုပ်သံလိုင်းသစ်များကို ပထမဆုံးအကြိမ်အဖြစ် စတင်ထုတ်လွှင့်ခဲ့သည်။

  • ၂၀၁၁ ခုနှစ် မေလတွင် 4TV သည် မိမိပရိတ်သတ်များအတွက် ၀န်ဆောင်မှုကို မြှင့်တင် သည့်အနေဖြင့် ရုပ်သံအရည်အသွေးအထူးကောင်းမွန်သော HD (High Definition) ဖမ်းယူစက်များကို    မိတ်ဆက်ပေးခဲ့ပြီး ၄င်းစက်ဖြင့်ဖမ်းယူကြည့်ရှုရန် HD အရည်အသွေးရှိ ရုပ်သံလိုင်းများကိုလည်း ထုတ်လွှင့်ခဲ့သည်။

  • ၂၀၁၂ ခုနှစ် တွင် မိမိကုမ္ပဏီ မှထုတ်လုပ်သည့် ရုပ်ရှင်နှင့်ဖျော်ဖြေရေးအစီအစဉ်များပါဝင်သော 4HD ရုပ်သံလိုင်းသစ်ကိုလည်း HD အရည်အသွေးဖြင့် စတင်ထုတ်လွှင့်ခဲ့သည်။

  • ပရိသတ်များ၏တောင်းဆိုချက်အရ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် 4TV ၏ ပြည်တွင်း နှင့်နိုင်ငံတကာရုပ်သံလိုင်းများကို နေပြည်တော်အထိ တိုးချဲ့ထုတ်လွှင့် ပေးခဲ့သည်။.

  • 4TV ၏မိခင်ကုမ္ပဏီဖြစ်သော Forever Group Co.,Ltd. သည် ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ၌ မိမိ၏ အောင်မြင်ကျော်ကြားပြီးဖြစ်သည့် MRTV-4 နှင့် Channel 7 အခမဲ့ရုပ်သံလိုင်းနှစ်ခုကို        HD အရည်အသွေးရှိ MRTV-4HD နှင့် Channel 7HD အဖြစ် အဆင့်မြှင့်၍ 4TV အတွက် သီးသန့် တင်ဆက်ပေးခဲ့သည်။

  • ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် 4TV သည် မိမိကိုယ်ပိုင်ရုပ်သံလိုင်းသစ်ဖြစ်သည့် "For Ladies HD" ရုပ်သံလိုင်းကိုစတင်ထုတ်လွှင့်ခဲ့သည်။ ဤရုပ်သံလိုင်းတွင်အလှပြုပြင်မှုဆိုင်ရာစိတ်ကူးစိတ်သန်းများ၊ ဖက်ရှင်ကဏ္ဍနှင့် မြန်မာစာတန်းထိုး ကိုရီးယားဒရာမာဇာတ်လမ်းတွဲများအပါအ၀င် ကိုရီးယားအစီအစဉ်များကို မြန်မာအမျိုးသမီးထုအတွက် အဓိကရည်ရွယ်ပြသပေးသည်။ ၂၀၁၅ ဇန်နဝါရီ တွင် 4TV ရုပ်သံလိုင်းများအား မြန်မာနိုင်ငံတစ်နိုင်ငံလုံး ကြည့်ရှုနိုင်ရန်အတွက် DTH(Direct-to-Home) စနစ်ဖြင့် ထပ်မံထုတ်လွှင့်ကာ Satellite Receiver များ ရောင်းချခဲ့ပါသည်။
  • ၂၀၁၆ ခုနှစ်တွင် 4TV HD Receiver များအား လွယ်ကူစွာ ၀ယ်ယူနိုင်ရန်အတွက် အမြို့မြို့အနယ်နယ်တွင် 4TV  အရောင်းပြခန်းများ ဖွင့်လှစ်ထားပါသည်။ CB Bank, AYA Bank နှင့် MAB BankMobile Banking များ၊ 1STOP ရှိသောဆိုင်များနှင့်ချိတ်ဆက်ပြီးသက်တမ်းတိုးကြည့်ရှုနိုင်ပါသည်။ 4TV HD Receiver များကို Ocean Supermarket နှင့် City mart ဆိုင်ခွဲများတွင်       ၀ယ်ယူကြည့်ရှုနိုင်ပါသည်။