High Definition - T2

အရည်အသွေးမြင့် ရုပ်သံလိုင်းများ

  • MRTV -4 (HD)

    ဖျော်ဖြေရေးအစီအစဉ်များ၊ကျန်းမာရေးအစီအစဉ်များ၊သတင်းအချက်အလက်များ၊အနုပညာလောကအကြောင်းအရာများ၊ နိုင်ငံတကာရုပ်သံဇာတ်လမ်းတွဲ               အစီအစဉ်များကို တင်ဆက်ပေးနေသောရုပ်သံလိုင်းဖြစ်သည်။

     
  • Channel 7 (HD)

    ဂိမ်းအစီအစဉ်များ၊ အဆိုပညာရုင်များကို မွေးထုတ်ပေးနေသော အိပ်မက်ဆုံရာ အစီအစဉ်၊ ဖက်ရှင်ရှိုးများ၊ ရုပ်သံဇာတ်လမ်းတွဲများ၊ Live Show များကို       ထုတ်လွှင့်ပြသပေးသော ရုပ်သံလိုင်းဖြစ်သည်။

  • 4 HD

    လက်ရှိအရည်အသွေးထက်လေးဆပိုမိုကောင်းမွန်ပြီး HD Quality အပြည့်နှင့်ကြည့်ရှုနိုင်မည့်ရုပ်သံလိုင်းဖြစ်သည်။ မြန်မာစာတမ်းထိုးနှင့်အကောင်းဆုံးရုပ်ရှင်ဇာတ်ကားများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ Live Show များ၊ ဗဟုသုတရစေသောအစီအစဉ်များကို တင်ဆက်ပေးသည့်ရုပ်သံလိုင်းဖြစ်သည်။

  • 4 HD2

    4HD2 မှာဆိုရင်တော့ HD quality ရုပ်ရှင်ဇာတ်ကားများကို မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်မှာဖြစ်ပါသည်။ ပိုပြီးသစ်တဲ့ ရုပ်ရှင်ဇာတ်ကားများ၊ သည်းထိတ်ရင်ဖို            ဇာတ်ကားများ၊  Action ကားများ ၊ Superhero ဇာတ်ကားများကိုကြည့်ရှုနိုင်မှာဖြစ်ပါသည်။

  • 4 Ladies (HD)

      အမျိုးသမီးပရိသတ်များအတွက် ရည်ရွယ်ပြီးပြသသော ရုပ်သံလိုင်းဖြစ်သည်။ အလှအပရေးရာ၊ ကျန်းမာရေး၊ အိမ်တွင်းမှုရေးရာ အဖြာဖြာနှင့် ဖျော်ဖြေရေးအစီအစဉ်များ၊        Fashion နှင့်ပတ်သတ်သော အစီအစဉ်များ၊ Game များ၊ ကိုရီးယားဇာတ်လမ်းတွဲများကို ပြသပေးနေသောရုပ်သံလိုင်းဖြစ်ပါသည်။

  • Animax HD

    အတိုက်အခိုက်၊ အလွမ်းအဆွေး၊ ထိတ်လန့်ဖွယ်၊ သဘာဝလွန်၊ သိပ္ပံ၊ ဟာသနှင့်ဖြစ်ရပ်မှန် ရုပ်သံစီးရီးများစွာကို တင်ဆက်နေသော ရုပ်သံလိုင်းဖြစ်သည်။         ဂျပန်နိုင်ငံမှ ရွေးချယ်ထားသော ကမ္ဘာ့အကျော်ကြားဆုံး ဂျပန်ကာတွန်း Anime များ နှင့် စီးရီးသစ်များကို တစ်စုတစ်ဝေးတည်းကြည့်ရှုနိုင်မည့်ရုပ်သံလိုင်း                                                   ဖြစ်ပါသည်။

     
  • AXN HD

    အာရှ၏ အကောင်းဆုံး ဖျော်ဖြေရေးရုပ်သံလိုင်းများထဲမှ ကမ္ဘာကျော်နာမည်ကြီးရုပ်ရှင်ကား စုစည်းမှုများ၊ ဒရာမာစီးရီးများ၊  ဖြစ်ရပ်မှန် အစီအစဉ်များနှင့်               လူကြိုက်များသော   မူရင်းထုတ်လွှင့်မှုများ ပါဝင်သည်။ ပရိသတ်ကြိုက်နှစ်သက်   စိတ်ဝင်စားမည့် စိတ်အာရုံကိုဆန်းသစ်စေသော လျှို့ဝှက်သည်းဖို                    ဇာတ်လမ်းများကို အမေရိကန်ရုပ်သံလိုင်းများကဲ့သို့ပင် တင်ဆက်ပြသနေသော ရုပ်သံလိုင်းတစ်ခုဖြစ်သည်။

  • FOX Movie Premium (HD)

    လူကြိုက်များသည့် ကမ္ဘာကျော် ဟောလိဝုဒ်ဇာတ်ကားများ၊ ရုပ်သံဇာတ်လမ်းတွဲများသာမက တေးဂီတဖျော်ဖြေရေးပွဲများနှင့် ဆုရမှတ်တမ်းရုပ်ရှင်များ၊ Oscar ၊ Golden Globe ၊ Movies Film Award စသည့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်များ၊ ဆုပေးပွဲများအား ထုတ်လွှင့်ပြသပေးနေသော ကမ္ဘာကျော်ရုပ်သံလိုင်း ဖြစ်ပါသည်။

  • FOX Action Movie (HD)

    ဆန်းသစ်သော ရုပ်သံကြည့်ရှုခံစားမှုကို ၎င်း၏ ၂၄နာရီပတ်လုံးမရပ်မနား ထုတ်လွှင့်သော အက်ရှင်ဇာတ်လမ်းများဖြင့် ရသခံစားမှုအသစ်ကိုပေးမည့်ရုပ်သံလိုင်းဖြစ်ပါသည်။      ကမ္ဘာတစ်ဝန်းအကောင်းဆုံးသော   အပြောင်မြောက်ဆုံးသောအက်ရှင်ဇာတ်ကောင်များကိုထုတ်လွှင့်ပြသလျက်ရှိသဖြင့်   အက်ရှင်ဇာတ်လမ်းကောင်းများကို နှစ်သက်သော     ပရိသတ်များအတွက်သင့်တော်မည့် ရုပ်သံလိုင်းဖြစ်သည်။

  • StarWorld (HD)

    ရုပ်သံဇာတ်လမ်းတွဲများ၊ဟာသဇာတ်လမ်းတွဲများ၊Reality Show များ၊Model Show များ၊Fashion Show များ၊ ဟင်းချက်ပြိုင်ပွဲများ၊ ရုပ်ရှင် ဂီတဆုပေးပွဲများကို တင်ဆက် ပေးသည့် ဖျော်ဖြေရေးရုပ်သံလိုင်းဖြစ်ပါသည်။

  • FOX Sports HD, FOX Sports 2HD, FOX Sports 3HD

         ဘောလုံးပွဲများ၊ တင်းနစ်၊ ဂေါက်သီး၊မြားပစ်၊ ဘိလိယက်ပြိုင်ပွဲများ၊ ဆိုင်ကယ်၊ စက်ဘီး၊ စကိတ်စီးပြိုင်ပွဲများစသည့်                            အားကစားပြိုင်ပွဲများကိုပြသသော ရုပ်သံလိုင်းဖြစ်ပါသည်။

  • National Geographic Channel (HD)

      တကယ်ရှိရဲ့လားဆိုတာကို မယုံကြည်နိုင်သူများအတွက် သဘာဝလွန် အဖြစ်အပျက်များအကြောင်း၊ ဖြစ်ရပ်မှန်တွေကို အသေးစိတ်ရိုက်ကူးပြီးမြန်မာစာတန်းထိုးနှင့်    ကြည့်ရှုနိုင်မယ့် Is it Real အစီအစဉ် ၊ ကမ္ဘာ့အကြီးမားဆုံး အဆောက်အဦတွေအကြောင်း တို့ကို စိတ်ဝင်စားဖွယ်ရာ တင်ဆက်ပြသနေတဲ့ ကမ္ဘာကျော်ရုပ်သံလိုင်း    ဖြစ်သည်။

  • NAT GEO Wild (HD)

     နိုင်ငံတကာမှ   ရှားပါးသားရဲတိရစ္ဆာန်တွေ၏  သဘာဝနှင့်  အလေ့အထများကို စွန့်စွန့်စားစား  ရိုက်ကူးတင်ဆက်ပေးနေသည့်  အစီအစဉ်များ၊  အသားစားကျားများနှင့်      အတူနေထိုင်ကာ ၄င်းတို့၏သဘာဝကိုလေ့လာရိုက်ကူးတင်ဆက်ပေးနေသည့် Tigerman အစီအစဉ်နှင့်တောရိုင်းတွေ၏ နေထိုင်ကျက်စားပုံစသည်တို့ကိုသဘာဝအတိုင်း                           ရိုက်ကူးတင်ဆက်ပေးနေသည့် ရုပ်သံလိုင်းဖြစ်သည်။

  • NAT GEO People (HD)

    ကမ္ဘာတစ်ဝန်းရှိ နှစ်သက်စရာကောင်းသော နေရာများနှင့် ၎င်းတို့၏လူနေမှုဘဝ၊ ယဉ်ကျေးမှုတို့ကိုစိတ်ဝင်စားစရာကောင်းအောင် ဖန်တီးတင်ဆက်ထားသော        ရုပ်သံလိုင်းကောင်းတစ်ခုဖြစ်ပါသည်။ နှစ်သက်ဖွယ်ရာအကောင်းဆုံးသော အစားအသောက်များ၊ မမေ့နိုင်စရာခရီးသွားအတွေ့အကြုံများကို ကိုယ်တိုင်တွေ့ကြုံနေရ                                    သကဲ့သို့ ကြည့်ရှုခံစားရမည့် ရုပ်သံလိုင်းတစ်ခုဖြစ်ပါသည်။

  • Nat Geo Music HD

    Nat Geo Music HD Channel သည် FOX Network Group မှပိုင်ဆိုင်ပြီး ဂီတပေါင်းများစွာကိုတင်ဆက်ပြသသောလိုင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှာရှိသော             ယဉ်ကျေးမှုနှင့်ဂီတ ထိတွေ့သောအခါ ဖြစ်ပေါ်လာသော အကြောင်းအရာများကို မှတ်တမ်းတင်ထားသော ရုပ်သံလိုင်းဖြစ်သည်။ Rock ဂီတကို ဦးစားပေး                                               တင်ဆက်ပြသပြီး Channel-V ကဲ့သို့သော Music Channel တစ်ခုလည်းဖြစ်သည်။

  • tvN

    ကိုရီးယာဂီတကိုမှ ကြိုက်နှစ်သက်သူများအတွက် ထုတ်လွှင့်ပေးနေသည့် K-pop အစီအစဉ်များ၊ တေးဂီတ၊ ဒရာမာ ဇာတ်လမ်း ၊ ဖြစ်ရပ်မှန် ရုပ်သံအစီအစဉ်များ၊             ဖျော်ဖြေရေး၊ သတင်းများနှင့် အနုပညာရှင်တို့၏ နေထိုင်မှုပုံစံများပါဝင်သည့် အစီအစဉ်ကောင်းများကို ကမ္ဘာတစ်ဝန်း ထုတ်လွှင့်တင်ဆက်ပေးနေသည့် ရုပ်သံလိုင်း            ဖြစ်သည်။

  • Star Chinese Movies HD

    ဂျက်ကီချန်၊ ချောင်ယွန်းဖက်၊ စတီဖင်ချောင် အစရှိသည့် နာမည်ကြီး သရုပ်ဆောင်များပါဝင် သောတရုတ် ရုပ်ရှင်ဇာတ်ကားကောင်းများကို၂၄နာရီပတ်လုံး ထုတ်လွှင့်သော     နာမည်ကြီးရုပ်ရှင်ကုမ္ပဏီ 21st Century Fox ရုပ်သံလိုင်းကောင်းတစ်ခုဖြစ်ပါသည်။